လင်ခ့်များသေကုန်ပါက C-Box တွင်အော်ထားနိုင်ပါသည် ...
Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts

Jul 14, 2012

I Hate School


  
ချောင်းလေးတစ်ခု ဖန်ဆင်းပေးစမ်းပါ
လှေလေးလှော်ပြီး အိမ်ပြန်ချင်လို့။
ကျောင်းကြီးတက်တာ စိတ်ပျက်လာ
ပျင်းပါ့ ဒီကျောင်းတော်။
ပီတီဆင်းရ မနက်ဒွတ်ခ တော်တော်များသဗျ
မနက်မအား ညမအား
ရှုပ်လှ ဒီကျောင်းတော်
စာသင်ခန်းထဲ ရောက်ပြန်တော့
စာတွေမေးပြန်ပေါ့။
စာမေးမှာတော့ သိပ်ကြောက်တယ်
... စာမရလို့ပါကွယ်။
စိတ်ရှုပ်လှတဲ့ ကျောင်းတော်ထဲ
ပြေးထွက်ချင်တာအမြဲ။
အချိန်တွေရယ် ကုန်ပါတော့
အိမ်ပြန်ချင်လှပေါ့။

(ချစ်သူကျောင်းတက်တုန်း ကြောင်ခြစ်မြောက်ခြစ် ခြစ်ပြီးရေးထားတာလေး)
 

Jul 9, 2009

ကြယ်တစ်စင်းရဲ့ ရှုံးနိမ့်ခြင်းသံစဉ်



အလင်းမရှိတဲ့ငါ့ဘဝထဲကို
မင်းသဘောနဲ့မင်း ဝင်လာတယ်
နောက်ပြီးတော့
မင်းစိတ်နဲ့ မင်း ပြန်ထွက်သွားခဲ့တယ်
ထွက်မသွားပါနဲ့ လို့ 
အော်လိုက်တဲ့အသံတွေက
ငါ့လည်ချောင်းဝမှာဆွံ့ အ
နှုတ်ခမ်းဖျားမှာပဲ
ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်

အစကထဲက ပြန်ထွက်သွားခဲ့မယ်ဆိုရင်
မင်း ဘာဖြစ်လို့ ငါ့ဘဝထဲကို
ခွင့်မတောင်းပဲဝင်လာရတာလည်း
ခုတော့ ကောင်မလေးရယ်

ဘယ်တုန်းကမှမရှုံးခဲ့ဖူးဘူးလို့ 
ငါ မကြွေးကျော်ခဲ့ဖူးပါဘူး
ဒါပေမယ့် ကောင်မလေးရယ်
ခုတစ်ခါက အကျအနာဆုံးပဲ
ခုတော့ ငါ့မှာ
အထီးကျန်ဆန်ခြင်းကို အဖော်ပြု
ရင်ခုန်သံတွေကို နင်းချေပြီး
ပျင်းခြောက်ခြောက်နဲ့ 
တစ်ယောက်ထဲရွက်လွင့်နေရပြီ ...

ဒါပေမယ့် ကောင်မလေးရယ်
ငါနားလည်ပေးနိုင်ပါတယ်
ငါဆုတောင်းပေးပါရစေ
"ငါ့မျက်ရည်တွေအငွေ့ ပျံပြီး
မင်း ဆီကိုတိမ်တိုက်အဖြစ်ရောက်ရှိပါစေလို့ "
မင်းရဲ့ ဘဝလေး
ထာဝစဉ်အေးမြနေစေချင်လို့ ပါ ... :d :d :d :d

Jul 8, 2009

Nameless


မနေ့ က
ငါ့ရင်ဘတ်ထဲကို
နာကျင်ခြင်းရင်ဖွင့်သံဆိုပြီး
မင်းက နာကျင်ခြင်းတွေ
လာပစ်ထည့်သွားလိုက်တာ
ခုဆိုရင် ငါ့ရင်ဘတ်တစ်ခုလုံး
ဒါဏ်ရာတွေအပြည့်နဲ့ ပေါ့

ဟိုးအဝေးတစ်နေရာက
ခွေးအူသံသဲ့သဲ့တော့ကြားနေတယ်
အေးစက်လွန်းတဲ့သန်းခေါင်ယံ
ညတစ်ညရဲ့ အခန်းကျဉ်းထဲ
ခပ်တုံးတုံးကောင်တစ်ကောင်နဲ့ 
သောင်းကျန်းတတ်တဲ့ပိုးဟပ်တစ်ယောက်
ခံစားမှုခြင်း Chess ထိုးနေတယ်

ငါ့မှာ နှလုံးသားရှိတယ်
ငါ့မှာ ခံစားချက်ရှိတယ်
ငါ့မှာ အတ္တတွေရှိတယ်
ငါ့မှာ နာကျင်ခြင်းတွေရှိတယ်
ငါ့မှာ တိတ်ဆိတ်ခြင်းတွေရှိတယ်
ငါ့မှာ အထီးကျန်ခြင်းတွေရှိတယ်
ငါ့မှာ ......................................
ငါ့မှာ ကြွက်တစ်ကောင်ရှိတယ်

ဒုန်းခနဲ ပွင့်သွားတဲ့တံခါးတစ်ချပ်
မျက်နှာပေါ်ကျလာတဲ့ ဓါတ်မီးရောင်
ငိုနေတဲ့ အမေ့ရဲ့ မျက်နှာ
လွတ်ကျသွားတဲ့ .....................
အရာအားလုံးဟာ ကံတရားအလိုကျ
အစီအစဉ်တကျလေး ပြီးဆုံးသွားခဲ့ပြီ ....
နောက်ဆုံးတော့လည်း

တစ်ကယ်ပါ
ငြိမ်းချမ်းခြင်းတေးတစ်ပုဒ်ကို
ခပ်တိုးတိုးလေးဆိုညီးချင်ခဲ့ပါတယ်
ဒါပေမယ့် ငါက
အသံထွက်ကောင်းတဲ့
ဂစ်တာတစ်လက်မှမဟုတ်ခဲ့ပဲ

Jun 30, 2009

တာဝန်မဲ့ ငါ





မနက်မိုးသောက်လို့
အလင်းရောင်လေးရောက်တာနဲ့
ငှက်ကလေးတွေတေးဆိုလို့
သူတို့အလုပ်ကိုလုပ်လို့
လောကကြီးကိုတန်ဆာဆင်နေကြပြီ....
ကဲ ...
ငါကကောလောကကြီးအတွက်
ဘယ်လိုသာယာအောင်လုပ်ပေးနိုင်မလဲ။
မနက်မိုးသောက်လို့
နေမင်းကြီးရောက်လာပြီး
သူ့ပုံမှန်လုပ်ငန်းအတိုင်း
လောကကြီးကိုအလင်းရောင်တွေ
ပေးနေပြီလေ ...
ငါကကောနေလောက်မလင်းပေမယ်
ပိုးစုန်ကြူးလောက်
အလင်းရောင်ကလေးတောင်
ငါလုပ်မပေးနိုင်သေးပါလား
ညအခါ မှာ
ကြယ်ကလေးတွေကလဲတာဝန်ကိုယ်စီ
နဲ့ပါလား
လမင်းကြီးကလဲ
ကွေးလိုက်ဝိုင်းလိုက်နဲ့
တနေ့တမျိုးမရိုးအောင်
တာဝန်တွေထမ်းဆောင်နေတာပဲ
လောကကြီးမှာ နေရာတွေမလွတ်အောင်
သူ့တာဝန်တွေနဲ့သူပါလား

အော် ...
လောကကြီးအတွက်
ငါလူပိုတစ်ယောက်များ
ဖြစ်နေပြီလားကွာ ...

*****************************************

Apr 30, 2009

ကပေါက်တိကပေါက်ချာရေးမိသော




တစ်ခါ တစ်ခါကျရင် စဉ်းစားမိပါရဲ့ ။ ငါဘာကောင်လည်းလို့  ...
ငါဟာ ဘာကောင်မှ မဟုတ်ပါဘူး။
ငါဟာ ငါပါဘဲ။
ငါ့ခံယူချက်နဲ့  ငါအသက်ရှင်တယ်။
ဒါကို မင်းတို့ ရူးတယ်လို့ ပြောမလား။
လူချင်းတူပေမယ့် ရင်ခုန်သံချင်းမတူနိုင်သလို
ခံယူချက်ခြင်းလည်းမတူနိုင်ဘူး။
ဒါပေမယ့် ငါ့ရင်ခုန်သံတွေ ငါ့ ခံယူချက်တွေကို
မကောင်းဘူးလာမပြောနဲ့ ။
(..............တွေ ငါ့ကိုလာပြီးဝေဖန်ဖို့ မစဉ်းစားနဲ့ )
အပြင်းစားသီချင်းတစ်ပုဒ်ကို အော်လိုက်ချင်တယ်။
အေး
ငါ့သမိုင်းငါရေးနေတဲ့အချိန်
ငါ့ကို လာဝေဖန်ချင်ရင်
မင်းတို့ 
(...)သုံးမကျတဲ့ မင်းတို့ အတွေးအခေါ်တွေ
အရင်ပြင်လိုက်ပါ။ ။
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတော့ လူတွေရဲ့ စကားသံတွေကိုကြားလိုက်ရတယ်...
အမျိုးမျိုးဝေဖန်ကြတယ် ....
ကောင်းသောဝေဖန်ခြင်းကို လက်ခံချင်ပေမယ့်
နှားခေါင်းရှုံ့ ပြီးပြောတာမျိုးကို မလိုလားချင်ဘူး
အဲဒါကြောင့် ရင်ထဲမှာဖြစ်လာတာကို ချရေးမိတယ် ...

ငှက်တို့ ရဲ့ တေး


Friends18.com Orkut MySpace Hi5 Scrap Images



မလိုက်ရဲရင်လည်း
အသိုက်ထဲမှာလည်း ကျန်ခဲ့လေ။
တစ်နေ့ နီးမှာပေါ့။
ရှေ့ ခရီး မာန်တင်းပါကွယ်
ငှက်ဆိုတာကတော့
ပျံသန်းရင်းသေ
ကခုန်ခိုင်းသလိုပေါ့
မုန်တိုင်းကရှေ့ မှာမွှေ
တောမီးက ရှေ့ မှာဝိုင်း
ခြင်္သေ့က ကြွက်မစား
ကျားက ကြွက်မချောင်း
မိချောင်းတွေက ဖွတ်လိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောပါတဲ့
ဥဒေါင်းငှက်လိုလေ
အမောခံဇောမာန်တင်းပါကွဲ့ 
မှန်းသည့်ပန်းတိုင် အရောက်လှန်းနိုင်ဖို့ 
ပျံသန်းရင်းသေလည်း ခရီးဆက်မယ်ကွဲ့ 
အဲဒါ ငှက်တို့ ရဲ့ သမိုင်း။ ။

မင်းရှိရာ


MySpace comment: CoolSpaceTricks.com


အချိန်တွေပြောင်း
နေရာတွေဟောင်းလည်း
မပြောင်းလည်းနိုင်တာက
ငါ့ရင်ထဲက မင်းကို
ခါးခါးသီးသီးလွမ်းနေတယ်။
ငါသာ တောင်ပံလေးတစ်စုံ ဆိုရင်
မင်းရှိရာကို ပျံသန်းလာမိမှာ အမှန်ဘဲ။

Feb 6, 2009

မင်းအတွက်


ရင်ခုန်သံတွေကြား

ညဟာအထီးကျန်နေတယ်

အတွေးထဲနယ်ချဲ့ လိုက်တာများ

သက်တမ်းတစ်ဝက်လောက်ရောက်နေပြီ .....

တိတ်ဆိတ်ခြင်းအပြည့်နဲ့ ည ဟာ ခပ်တည်တည်နဲ့ 

ချက် ချက် ချက် ...ဆိုတဲ့ နာရီသံထက်

ဒိတ် ဒိတ် ဒိတ် ... ဆိုတဲ့ ရင်ခုန်သံကြောင့်

ညရဲ့ အပြုံးတစ်ဝက် ကိုငါမြင်လိုက်တယ်

ရင်ထဲက မင်းတော့မသိဘူး

ငါ့မှာတော့ ညကို အဖော်ပြုရင်း

အသက်တောင်ပြင်းပြင်းမရှူရဲဘူး

ငါ့ရင်ထဲက မင်းနေရာလေး

နေရာကျပ်သွားမှာ စိုးလို့  ....

Feb 4, 2009

၂၀၀၂ ကိုပြန်လည်တမ်းတခြင်း

  • မြစ်ကြီးနားမြို့ ရဲ့ Main လမ်းမကြီးပေါ်မှာ
  • မင်းနောက်ကိုတကောက်ကောက်လိုက်ရင်း
  • မင်းမကြိုက်ဘူးဆိုတဲ့
  • ငါ့ကာရံတွေလိုက်ပြောဖူးပါရဲ့ ။ ။
  • မြစ်ကြီးနားမြို့ ရဲ့ မိုးတွင်းကာလ
  • Super Cub90 အစုတ်ကလေးတစ်စီးနဲ့ 
  • မင်းကျူရှင်အပြန်ကိုလည်း
  • အချိန်မှန်စောင့်ဖူးလေရဲ့ ။ ။

  • နောက်ပိုင်း
  • မင်း ကျောင်းကြီးကိုရောက်တော့
  • ငါ့မှာ ယောင်လည်လည်နဲ့ (ကျောင်းသားမဟုတ်ပဲ)
  • မင်းတို့ ကျောင်းကိုလည်း
  • အချိန်မှန်တက်ဖူးလေရဲ့ ။ ။

  • ငါ့အတွက် ဘယ်လိုရောက်လာမှန်းမသိတော့တဲ့
  • စာလေး(၂)စောင်လောက်နဲ့  ပြန်နှစ်သိမ့်ခဲ့တာကို
  • ငါ့မှာ အစားအသောက်ပျက်ရလောက်အောင်
  • စိတ်ကူးယဉ်ဖူးလေရဲ့ (မြစ်ကြီးနား ကိုပြန်ရောက်ခဲ့ရင်) ဆိုပြီးတော့။ ။

  • ဒါပေမယ့် ကောင်မလေးရယ်
  • မဖြစ်နိုင်ဘူး ဆိုတာမရှိဘူးဆိုပေမယ့်
  • ခု အဲဒီအတွက်သက်သေက
  • မင်းနဲ့ ငါ ဖြစ်နေတယ်။ ။

  • ခုတော့ ဒါတွေက လွမ်းစရာတွေအဖြစ်နဲ
  • လူကြားကောင်းအောင်
  • အမှတ်တရလေးပါလို့ 
  • ငါကြွေးကျော်နေရတယ်လေ။ ။

  • မင်း ဘာဖြစ်နေနေ
  • ဘယ်ကိုရောက်ရောက်
  • မင်းသိအောင်တစ်ခုလောက်ပြောပြချင်ပါတယ်
  • တစ်ချိန်က မင်းကိုပြောဖူးတဲ့
  • “----” ကို “ကျွန်တော်” အရမ်းချစ်တယ် ဆိုတဲ့စကားဟာ
  • ငါ့ရင်ထဲက နင့်နင့်သီးသီး ခုန်ထွက်ခဲ့တဲ့ စကားတစ်ခွန်းပါကွာ။ ။

Jan 31, 2009

ငှက်တို့ ရဲ့ တေး


Friends18.com Orkut MySpace Hi5 Scrap Images


မလိုက်ရဲရင်လည်း

အသိုက်ထဲမှာလည်း ကျန်ခဲ့လေ။
တစ်နေ့ နီးမှာပေါ့။
ရှေ့ ခရီး မာန်တင်းပါကွယ်
ငှက်ဆိုတာကတော့
ပျံသန်းရင်းသေ
ကခုန်ခိုင်းသလိုပေါ့
မုန်တိုင်းကရှေ့ မှာမွှေ
တောမီးက ရှေ့ မှာဝိုင်း
ခြင်္သေ့က ကြွက်မစား
ကျားက ကြွက်မချောင်း
မိချောင်းတွေက ဖွတ်လိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောပါတဲ့
ဥဒေါင်းငှက်လိုလေ
အမောခံဇောမာန်တင်းပါကွဲ့ 
မှန်းသည့်ပန်းတိုင် အရောက်လှန်းနိုင်ဖို့ 
ပျံသန်းရင်းသေလည်း ခရီးဆက်မယ်ကွဲ့ 
အဲဒါ ငှက်တို့ ရဲ့ သမိုင်း။ ။

Jan 9, 2009

ကောင်းကင်ဇင်ယော်




  • ကောင်းကင်အနှံ တွင်တောင်ပန်ဖြန့်ပြီး ပျံသန်းရခြင်းကို သိုက်မြုံ အ၀င်
  • တောင်ပံရုတ်ပြီး ရပ်နားရခြင်းဖြင့်အဆုံးသတ်ရပါလို၏။
ဒီပိုစ့်ကလေးက ကျွန်တော်ပထမဦးဆုံးရေးခဲ့မိတဲ့ ပိုစ့်တစ်ခုပါ။ကျွန်တော်အရမ်းအားကျခဲ့တဲ့ ဘလော့ဂါတွေအများ
ကြီးရှိပါတယ်။ကျွန်တော်သူတို့ လိုလုပ်ချင်မိတယ်။ဒါပေမယ့် အခြေခံမကောင်း၊ဘာမှနားမလည်ဘဲနှင့်ဘယ်လိုမှ
လုပ်လို့ မရပါဘူး။ယခုဒီ ဘလော့ကလေးကိုလည်း ကျွန်တော်ဟိုဘက်ကမှီး၊ဒီဘက်ကယူနဲ့  မနည်းကို ဘလော့ဟု
ခေါ်လို့ ရယုံမျှသာလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော့်ဆီကို လာလည်ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံး
ကျွန်တော့်ကို အချိန်မရွေး ဝေဖန်နိုင်ပါတယ်။ပြောဆိုနိုင်ပါတယ်။ကျွန်တော်လေ့လာယူရန် အဆင်သင့်စောင့်ကြို
နေပါတယ်။နောက်ပြီး ဘယ်လိုဘဲဖြစ်ဖြစ် ရောက်လာခဲ့ပြီဖြစ်သောသူများအားလုံးကိုလည်းဒီနေရာကနေပြီး
လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။
ယခု( ) ယောက် စာ​ဖ​တ်ေ​န​ပါ​တ​ယ်